တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန် ပံ့ပိုးငွေပေးအပ်

 

တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန် ပံ့ပိုးငွေပေးအပ်

 

တောင်ငူ   ဇွန်  ၁၇

       တောင်ငူမြို့ ခပေါင်းခန်းမ၌ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့်  နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများအတွက် ပံ့ပိုးငွေပေးအပ်ပွဲ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပံ့ပိုးငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပျက်စီးခဲ့သည့် နေအိမ်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများအတွက်  တာဝန်ရှိသူများထံ ပံ့ပိုးငွေများ ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့နယ် ဇရပ်ကြီးကုန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်  လောကမာရဇိန် နန်းတော်ဦး စေတီတော်မြတ်ကြီး အား ဘက်စုံပြန်လည်ပြုပြင် မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးပြီး ရှေးမူလက်ရာမပျက် ပြန်လည်တည်ဆောက်ရန်၊ တည်ဆောက်ရာတွင် ငလျင်ဘေးဒဏ်ခံနိုင်စေရေး အဓိကထား တည်ဆောက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သတိထားဆောင်ရွက်ရန် တာဝန်ရှိသူများအား   မှာကြားကြောင်း သိရသည်။