မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားအား ရေယာဉ်များ ဖြတ်သန်းရာတွင် ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

 

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားအား ရေယာဉ်များ ဖြတ်သန်းရာတွင် ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်   ဇွန်   ၁၇

      မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားအား ရေယာဉ်များ   နေ့၊ ညဖြတ်သန်းရာတွင် ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးကြိုတင် ပြင်ဆင်စီမံမှုများ ဆောင်ရွက်ထားနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ စက်ဆန်း ဝန်ထမ်းမိသားစုအိမ်ရာ၊ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်  တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊      သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ  တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့်   ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်မြစ် ရေလမ်းကြောင်းအတွင်း ဖြတ်သန်းသွားလာကြမည့် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများ၊ ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ   ဖြတ်သန်း သွားလာ နိုင်ရန် စံပြုလုပ်ငန်းစဉ်များနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသွားမည်ဖြစ်ပြီး  ထွက်ပေါ်လာမည့် စံပြုလုပ်ငန်းစဉ်များနှင့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့်    အဖွဲ့အစည်းများသို့

တင်ပြ၍ ခွင့်ပြုချက်ရယူ၍ Stakeholder များအားလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်း ဆွေးနွေးပေးခြင်းနှင့် ပညာပေးခြင်း၊  တိကျစွာလိုက်နာ ကျင့်သုံးနိုင်ရေး ကြီးကြပ်စီမံခန့်ခွဲခြင်းနှင့်  လိုအပ်သည့် အရေးယူမှုများကို  ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြစ်ရေလမ်းကြောင်း တစ်လျှောက် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများနှင့် ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားရေယာဉ်များ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားကို   နေ့၊  ညဖြတ်သန်းသွားလာကြရာတွင်    ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း လုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။