သထုံမြို့နယ် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
သထုံ ဇွန် ၁၇
မွန်ပြည်နယ်သထုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူး ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများစာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာဗဟုသုတတိုးပွားစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၆ ရက်ကသထုံမြို့ဘင်လှိုင်ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း (ဘင်လှိုင်)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ် ပေးပြီး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပသည်။
ရှေးဦးစွာအခြေခံပညာမူလတန်းကျောင်း(ဘင်လှိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရီထွန်းက အမှာ စကားပြောကြားပြီး သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုး စားကြ သကဲ့သို့ ဗဟုသုတတိုးပွားရေးအတွက်ပြင်ပစာပေများကိုပါလေ့လာဖတ်ရှုကြရေးဟော ပြောသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကြကာစာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ၊ ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြောင်း သိရသည်။