မိုင် ၃၁၀ အထိပျံသန်းပြီး အုပ်စုဖွဲ့ အသေခံတိုက်မယ့် ဒရုန်းများ

 

မိုင် ၃၁၀ အထိပျံသန်းပြီး အုပ်စုဖွဲ့ အသေခံတိုက်မယ့် ဒရုန်းများ

 

      ဉရောပရဲ့ နိုင်ငံပေါင်းစုံ စီးပွားရေးလုပ်ငန်း စုကြီးဖြစ်တဲ့ MBDA က ကုန်ကျစရိတ် သက်သာမယ့်အပြင် မိုင်ပေါင်းများစွာ ပျံသန်းပြီး ပစ်မှတ်ကိုအသေခံတိုက်ခိုက်မယ့် ဒရုန်း အမျိုးအစားအသစ်တစ်ခုကို ထုတ်ဖော်ပြသလိုက် ပါတယ်။ MBDA က ဒီအစီအစဉ်ကို ၂၀၂၄ ခုနှစ် အကုန်ပိုင်းကတည်းက စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး လက်ရှိမှာရုပ်လုံးပေါ်လာတာပါ။

MBDA က သူတို့ရဲ့တာဝေးပြေး တန်ဖိုးနည်း ဒရုန်းစမ်းသပ်မှုကို ဒီနှစ်အကုန်ပိုင်းမှာ လုပ်ဆောင်သွားဖို့ ရှိပြီး ၂၀၂၇ ခုနှစ်ကစလို့ အမြောက်အမြား ထုတ်လုပ်သွားနိုင်ရေး ရည်မှန်းထားပါတယ်။ ထုတ်လုပ်တဲ့ အခါမှာလည်း တစ်လကို ဒရုန်းအစင်းရေ ၁၀၀၀ အထိထုတ်လုပ်သွားမှာပါ။ အထူးသဖြင့် ပြင်သစ် တပ်မတော်ရဲ့ လိုအပ်ချက်နဲ့အညီ ဖြစ်စေဖို့ဖြစ်တယ်လို့ ကုမ္ပဏီကပြောထားပါတယ်။

အဲဒီဒရုန်းကိုတော့ လက်ရှိမှာ One Way Effector လို့နာမည်ပေးထားပြီး လက်တွေ့စစ်မြေပြင်မှာ စမ်းသပ်အသုံးပြုပြီးနောက် ရရှိလာတဲ့တုံ့ပြန်ချက်တွေ အပေါ်မူတည်ကာ အကောင်းဆုံးဖန်တီးထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကတော့ အလေးချိန် ၈၈ ပေါင်ရှိတဲ့ထိပ်ဖူးတစ်ခုကို တင်ဆောင်ကာ အကွာအဝေးမိုင် ၃၁၀ ရှိ ပစ်မှတ် များကို အုပ်စုဖွဲ့ပုံစံဖြင့် သွားရောက် တိုက်ခိုက်နိုင်ခြင်း

ဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းဝင်ရောက်ပြီး အခြားသောတာဝေးပစ် လက်နက်စနစ်များနဲ့လည်း ပေါင်း စပ် အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့ MBDA က ထုတ် ပြန်ထား ပါတယ်။