ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မိုးကြိုးအန္တရာယ်အသိပညာပေးဟောပြော

ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မိုးကြိုးအန္တရာယ်အသိပညာပေးဟောပြော

ဇီးကုန်း     ဇွန်    ၁၇

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အခြေခံပညာအထက် တန်းကျောင်း ခန်းမ ဆောင်၌မိုးကြိုး အန္တရာယ် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၇ ရက်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့် အမှာစကားပြော ကြားသည်။ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ယမင်းသန့်ကမိုးကြိုး အန္တရာယ်ဖြစ်ပေါ်တတ်သည့် အခြေအနေ များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကို အသိပညာပေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်ဦး ဦးဆောင်၍  မိုးကြိုး ဘေးအန္တရာယ် ကျရောက်လာပါက လယ် ယာ၊ ချောင်း၊ မြောင်း၊ အင်း စသည့်နေရာ တို့တွင်လယ်ယာလုပ်ငန်း၊ရေလုပ်ငန်း လုပ်ကိုင်သူများကွင်းပြင်၊ ရေပြင်တို့၌ မနေဘဲ အဆောက်အအုံများသို့ အမြန်ဆုံး ခိုဝင်ခြင်း၊  နိမ့်သောနေရာများ၌  ဝပ်၍ နေခြင်း၊ ကွင်းပြင်၌ လူစုလူဝေးနှင့်ဖြစ်နေ ပါက သီးခြားစီဖြန့်ခွဲ ၍နေခြင်း၊ ကွင်းပြင် ၌ရောက်ရှိနေပါက ဆောင့်ကြောင့်ထိုင်၍ ဒူးနှစ်ဖက် ပေါ်လက်တင် ခေါင်းငုံ့ထားရန် နှင့်အရေးပေါ်အသက်ကယ်ဆယ်ရေးဆောင်ရွက်ခြင်းတို့ ကိုလက်တွေ့သရုပ် ပြသခဲ့ကြောင်း သိရသည်။