ပြင်ဦးလွင်မြို့၊နောင်ချိုမြို့၊တာချီလိတ်မြို့နှင့်လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

ပြင်ဦးလွင်မြို့၊နောင်ချိုမြို့၊တာချီလိတ်မြို့နှင့်လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်  ၁၇

      မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၅ ရက် နံနက် ၉နာရီ ၄၅မိနစ်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ ရွှေဘိုလမ်းမပေါ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ရွှေဘိုလမ်းအတိုင်း သန်းထက်ဝင်း မောင်းနှင်ပြီး နန်းမြင့်သူ လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀၀) ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ထွန်းလွင်(ခ) စွာဗစ်နှင့် မဇာနည်လွင် တို့နေထိုင်သည့် နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ခြေမြစ်ပင်ကျေးရွာရှိ နေအိမ်ကို မွန်းတည့် ၁၂ နာရီ ခွဲတွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀(တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၈ သိန်း) ကို လည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁နာရီတွင်  တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်း၊ မယ်ဆိုင်ချောင်းဘေးရှိ  နှင်းနှင်းဝေ(ခ)သွန်းဝတီဖြိုး၏ နေအိမ်တဲအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၄၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၁ ဒသမ ၈ သိန်း) ကိုလည်းကောင်း၊ယင်းနေ့ မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပန်မုန့်ကျေးရွာ၊ သီလရှင်ကျောင်းလမ်းနေ အိုက်ခမ်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၅ သိန်း) ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။