လိုက်ပဇစ်အသင်းမှ ဆက်ကိုအား ခေါ်ယူရန်ကြိုးပမ်းနေသည့် အသင်းများတွင် ဘိုင်ယန်မြူးနစ် အသင်းလည်း ပါဝင်
ဘာလင် ဇွန် ၁၇
လိုက်ပဇစ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြလျက်ရှိသည့် လူငယ်တိုက်စစ် ကစားသမား ဆက်ကိုအား ခေါ်ယူရန် ကြိုးပမ်းနေသည့် အသင်းများတွင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်လျက် ရှိကြောင်း သိရသည်။
အသက် ၂၂ နှစ်သာရှိသေးသည့် ဆက်ကိုသည် ၂၀၂၃ ခုနှစ်က ဆဲလ်ဘတ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပြီးခဲ့သည့် ဘောလုံးရာသီက ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင်ကစားရာ ၁၈ ဂိုးသွင်းယူနိုင်သည်အထိ ခြေစွမ်း ပြနိုင်သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း ပြိုင်ပွဲစုံ ၄၅ ပွဲကစားခဲ့ရာ ၂၁ ဂိုးသွင်းယူနိုင်သည့် အပြင် ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းကြီးများက အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ဆက်ကိုအား လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အစပိုင်းကတည်းက အာဆင်နယ်အသင်းက ကမ်းလှမ်းမှုများ လုပ်ဆောင်ထားသော်လည်း လိုက်ပဇစ်အသင်းက ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ထားသည့်အတွက် ကြန့်ကြာမှုများ ရှိနေခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းက အသင်းမှ တိုက်စစ် ကစားသမား ဟယ်ရီကိန်းအနေဖြင့် အသက်အရွယ် အရ ရေရှည်အသုံးပြုရန် ခက်ခဲမည်ဖြစ်သည့်အတွက် ဟယ်ရီကိန်း၏နေရာ၌ အစားထိုးနိုင်ရန် ဘိုင်ယန်မြူးနစ်အသင်းက ဒေသတွင်း ပြိုင်ဘက်အသင်းမှ ဆက်ကိုအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။