ဝေါမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

 

ဝေါမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်  ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင်   ရန်ကုန်မြို့မှဘားအံသို့ ယာဉ်မောင်း ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုးလိုက်ပါလာသောမှန်လုံယာဉ်အား သတင်းအရစစ်ဆေးရှာဖွေရာယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ  အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၅ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား  ရန်ကုန်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ စိုးမင်းအား ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွား  ကားလမ်းတွင် GRAND STAREX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မြို့မှတစ်ဆင့် မြဝတီမြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။