6G နည်းပညာသုံး အီလက်ထရွန်နစ်လက်နက် အဆင့်မြင့်ရေဒါကိုတောင် ရှောင်ကွင်းနိုင်
လက်ထရွန်နစ်စစ်ဆင်ရေးဆို တာ အနာဂတ်စစ်ပွဲတွေမှာမရှိ မဖြစ်ပါဝင်လာမယ့် စစ်ဆင် ရေးတစ်မျိုး ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေး က အင်မတန်မှလည်း အဆင့်မြင့်မားပြီး ထိရောက်မှုပမာဏကလည်း ပြင်းထန် လွန်းပါတယ်။
အခုတရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက 6G ဆက်သွယ်ရေးနည်းပညာကိုအသုံး ပြုထားတဲ့ အီလက် ထရွန်နစ်စစ်ဆင်ရေး လက်နက်စနစ်တစ်မျိုးကို ဖန်တီးတီထွင် လိုက်ပါတယ်။ ဒီလက်နက်စနစ်က လက် ရှိအသုံးပြုနေတဲ့ ခေတ်မီစစ်သုံးရေဒါများ ထက် ပိုမိုစွမ်းအားပြင်းတယ်လို့ တီထွင် သူများက ပြောပါတယ်။
တရုတ်နိုင်ငံဆိုတာ 6G နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းသို့ရောက်ရှိနေတဲ့နိုင်ငံ ကြီးတစ်ခုဖြစ်ပါတယ်။ South China Morning Post သတင်းဌာနရဲ့ထုတ်ပြန် ချက်အရဆိုရင် တရုတ်နိုင်ငံက 6G နည်း ပညာနဲ့ ပတ်သက်လို့ မူပိုင်ခွင့်အများဆုံး တင်ထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့သိရ ပါတယ်။
အခု 6G နည်းပညာသုံး လက်နက်စီမံကိန်းကို တရုတ်နိုင်ငံရှိ ဟွကျောင်းသိပ္ပံ နှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ တိန့်လိုင်ဦးဆောင်တဲ့ ပညာရှင်များက ဖန်တီးထားတာဖြစ်ပြီး မထင်ရလောက် အောင် များပြားတဲ့ ဆက်သွယ်ရေးစွမ်း ဆောင်ရည်များနဲ့ လှိုင်းနှုန်းဖျက်နိုင်စွမ်း၊ လှိုင်းနှုန်းဖျက်မှုမှ ရှောင်ကွင်း နိုင်စွမ်းတို့ရှိတယ်လို့ ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီစနစ်က Northrop Gru-mman ရဲ့ AN/APG-85 အဆင့်မြင့်ရေဒါ စနစ်ကို အဓိကပစ်မှတ် ထားတယ်လို့ဆို ပါတယ်။ အဲဒီရေဒါစနစ်ကို F-35 ကိုယ်ပျောက်တိုက်လေယာဉ်မှာ အသုံးပြုထားတာပါ။ ဒီစနစ်က ၁၂ ဂစ်ဂါဟတ်အထိရှိတဲ့ လှိုင်းနှုန်းများနဲ့ X-band မှာ အသုံးပြုထားတာဖြစ်ပါတယ်။
ရေဒါရှောင်ကွင်းနိုင်တဲ့စွမ်းဆောင်ရည် ပိုင်းမှာဆိုရင်လည်း ဒီစနစ်က ရန်သူ့လေ ယာဉ်မှူး များကိုစိတ်ရှုပ်ထွေးစေမယ့် ပစ်မှတ်အတုပေါင်း ၃၆၀၀ ကျော်ကိုဖန်တီး ပေးနိုင်စေပါတယ်။ သူ့မှာရှိတဲ့ တခြား စွမ်းဆောင်ရည်တွေထဲမှာ မြေပြင်အခြေ ပြုလှိုင်းနှုန်းဖျက်စနစ်၊ မြန်နှုန်းမြင့်ဆက် သွယ်ရေး ဗဟိုချက်၊ ဖန်ကြိုးမျှင်လေးတွေ ကနေတစ်ဆင့် သက်ဆိုင်ရာဆက်စပ် ကိရိယာပေါင်း ၃၀၀ ကျော်ဆီကို အလွန် များပြားလှတဲ့ တိုက်ပွဲသတင်းအချက်အလက်တွေပေးပို့သူအဖြစ် တာဝန်ထမ်း ဆောင်နိုင်ခြင်း ပါဝင်ပါတယ်။
တရုတ်သိပ္ပံပညာရှင်များက သူတို့ရဲ့ နည်းပညာအဆင့်မြှင့်တင်နိုင်ဖို့အတွက် ဖိုတွန်နဲ့အီလက်ထရွန်တို့ ကိုပေါင်းစပ်ပြီး မိုက်ခရိုဝေ့ဖိုတွန်နစ်စနစ်ကိုဖန်တီးကာအီလက်ထရွန်နစ်ရဲ့ကန့်သတ်ချက်တွေကို ကျော်လွှားသွားတာဖြစ်ပါတယ်။
သမားရိုးကျစနစ်တွေက လုပ်ငန်းတစ်ခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်နိုင်ပေမယ့် အခုစနစ်ကတော့ အာရုံခံခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ထုတ်လွှင့်ခြင်းဆိုတဲ့လုပ်ငန်းတွေကို စွမ်းအင်ပမာဏအနည်းဆုံး အသုံးပြုပြီး ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းရှိတာဖြစ်ပါတယ်။
သုတေသနပညာရှင်များရဲ့လေ့လာ တွေ့ရှိချက်အရဆိုရင် အလွန်မြင့်မားလှ တဲ့ဆက်သွယ်ရေး အမြန်နှုန်းနဲ့ လှိုင်းနှုန်း ဖိဖျက်မှုစွမ်းရည်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်းရရှိစေနိုင်မယ့် ကမ္ဘာ့ပထမ ဆုံးသော အတည်ပြုနိုင်တဲ့စနစ်တစ်ခု ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။
နောက်တစ်ခုက 6G နည်းပညာကိုတိုး တက်ထွန်းကားအောင် ဖန်တီးနိုင်ခြင်းက ဆက်သွယ်ရေးစနစ်၊ ရေဒါစနစ်နဲ့ အီလက် ထရွန်နစ်စစ်ဆင်ရေးစနစ်တို့ရဲ့လုပ်ဆောင် ချက်တွေကို တစ်နေရာတည်းမှာ ပေါင်း ဆုံမိစေတာဖြစ်တယ်လို့ Acta Optica Sin-ica ဂျာနယ်မှာ သုတေသနပညာရှင်များက ရေးသားဖော်ပြ ထားတာ တွေ့ရှိရပါတယ်။
Ref: IE
ကိုထက်