​​​​​​​ဟွန်ဒါက ပြန်သုံးနိုင်သော ဒုံးပျံကို အောင်မြင်စွာစမ်းသပ်နိုင်

ဟွန်ဒါက ပြန်သုံးနိုင်သော ဒုံးပျံကို အောင်မြင်စွာစမ်းသပ်နိုင်

ဂျပန်နိုင်ငံမှ ဟွန်ဒါကုမ္ပဏီဆိုတာ မော်တော်ကားတွေ၊ ဆိုင်ကယ် တွေ၊ အင်ဂျင်တွေကိုသာထုတ် လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ အခု သူတို့ကုမ္ပဏီက လူအများအံ့ဩသွားစေ မယ့်လုပ်ဆောင်ချက် တစ်ခု ကို ထုတ်ဖော် ပြသလိုက်ပါတယ်။

အဲဒါကတော့ ပြန်သုံးနိုင်တဲ့ ဒုံးပျံကိုလက်တွေ့အောင်မြင်စွာစမ်းသပ်လိုက်နိုင်တာပါ။ သူတို့ရဲ့စမ်းသပ်မှု မှာ ဒုံးပျံကိုလွှတ်တင်မှုနဲ့ အဲဒီဒုံးပျံက အောင်မြင်စွာပြန်လည်ဆင်းသက်မှုတို့ပါဝင်ပါတယ်။ ဒီလိုမျိုးစမ်း သပ်မှုက ဟွန်ဒါကုမ္ပဏီအနေ နဲ့ပထမဆုံးအကြိမ်ဖြစ်ပြီး ပထမဆုံးသော အောင်မြင်မှုလည်းဖြစ်ပါတယ်။

ဟွန်ဒါကုမ္ပဏီက ပြန်သုံးနိုင်တဲ့ဒုံးပျံကို ကိုယ်ပိုင်နည်းပညာနဲ့ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ထားတာပါ။ အလျားအားဖြင့် ၂၀ ဒသမ ၆ ပေ၊ အချင်းက ၃၃ ဒသမ ၄ လက်မနဲ့ အလေးချိန်က ၁၉၈၄ ပေါင်ရှိပါ တယ်။ ရှေ့ပြေးပုံစံဖြစ်တဲ့ အဲဒီစမ်းသပ် ဒုံးပျံက အမြင့်ပေ ၈၈၉ ပေအထိကိုတက် သွားပြီး မြေပြင်ကို မတိမ်း မစောင်းဘဲပြန် ဆင်းသက်နိုင်တာပါ။ ဒါဟာအနာဂတ်ရဲ့ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်မှုမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။                         

Ref: IE

ကိုထက်