ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့တို့အတွင်း ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချ

 

ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့တို့အတွင်း ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချ

 

နေပြည်တော်   ဇွန်   ၁၈

     စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့်မန္တလေးမြို့တို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ်လ ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိပြီး ယနေ့တွင် ၇၈ ရက်မြောက် အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း   ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက် ပြည်ပါ(မနောသုခ- Export Quality)၊ ဆန်ငါးပြည်ပါ(ဖျာပုံပေါ်ဆန်း)၊ စားအုန်းဆီ ၊ ဆား၊ ကုလားပဲ၊ ငါးပိ၊ ငါးတံခွန်၊ ငါးပုတ်သင်၊ ငါးနီတူခြောက်၊ အာပဲ့ခြောက်၊ ငါးရောင်ခြောက်၊ ကြက်ဥ၊ ဘဲဥ၊ ခေါက်ဆွဲခြောက် တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်သည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့တွင် အမဲသား၊ ဝက်သားတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လှည့်လည် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

အလားတူ  ယနေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်၊ စားအုန်းဆီ၊ ဆား၊ ကုလားပဲ ၊ ငါးပိ ၊ ငါးနီတူခြောက်၊ ပုစွန်ခြောက်၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်နီနှင့် အသားတုတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး နေ့စဉ် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း    သိရသည်။