ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီး သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်

 

ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီး သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်

 

ချောင်းဆုံ  ဇွန်  ၁၈

      မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန် ၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်၍ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ငါးမျိုးများ ပွားများလာစေရန် ရည်ရွယ်ပြီး မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းကို  ဇွန်လ  ၁၈  ရက်တွင်  ချောင်းဆုံမြို့နယ်   ချောင်းဆုံအနောက်ရပ်ကွက်   မဟာကန်တော်ကြီး  သဘာဝကန်ရေပြင်၌ ပြုလုပ်သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ငါးအလွန်အကျွံ ဖမ်းဆီးခြင်းကြောင့် လည်းကောင်း၊ သဘာဝအရ လည်းကောင်း ငါးသယံဇာတ လျော့နည်းပျက်စီးမှုကို  မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိ ရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန်အတွက်  သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း၊ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေပြီး ရေထွက်ကုန်များမှ အစားအစာ ဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း   အမှာစကား ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မဟာကန်တော်ကြီး သဘာဝကန်ရေပြင်အတွင်းသို့    ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအတွက်သထုံမြို့နယ် ငါးလုပ်ငန်းစခန်းမှ ၂ လက်မနှင့်အထက်   ငါးခုံးမကြီး  ငါးသားပေါက်အကောင်   ငါးသောင်းနှင့်  ငါးမြစ်ချင်း သားပေါက်အကောင် တစ်သိန်းကို ငါးမျိုး စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။