အယ်နာဆာအသင်းမှ ထွက်ခွာမည့် တိုက်စစ်ကစားသမား ဒူရန်ကို ပရီးမီးယားလိဂ်မှ ကလပ်အသင်းခြောက်သင်းက အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေ

 

အယ်နာဆာအသင်းမှ ထွက်ခွာမည့် တိုက်စစ်ကစားသမား ဒူရန်ကို ပရီးမီးယားလိဂ်မှ ကလပ်အသင်းခြောက်သင်းက အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေ

 

ရီယက်  ဇွန်  ၁၈

‌      လက်ရှိ  ကစားသမား အပြောင်းအရွှေ့ကာလတွင်  အယ်နာဆာအသင်းမှ   ထွက်ခွာရန်   ဆုံးဖြတ်ထားသည့်   တိုက်စစ်ကစားသမား ဒူရန်ကို   ပရီးမီးယား လိဂ်မှ  ကလပ်အသင်းခြောက်သင်းက အပြိုင်ခေါ်ယူရန် ကြိုးပမ်း နေကြောင်း သိရသည်။

ဒူရန်သည် ပြီးခဲ့သည့် ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလက အက်စ်တွန်ဗီလာ အသင်းမှ  အယ်နာဆာအသင်းသို့ မြင့်မားသည့်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သည့်  စတာလင်ပေါင်  သန်း  ၇၀  ဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အသင်းတွင် လပိုင်းသာ ကစားခဲ့ရသေးသော်လည်း   ဆော်ဒီနိုင်ငံ၌    နေထိုင်ရသည်ကို    နှစ်သက်ခြင်း မရှိသည့်အတွက်  အသင်းမှ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဒူရန်သည် ယခုဘောလုံးရာသီ ဒုတိယရာသီဝက်တွင် အယ်နာဆာအသင်းနှင့်အတူ  အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၁၈ ပွဲကစားရာ ၁၂  ဂိုး  သွင်းယူ နိုင်ခဲ့သော်လည်း  ဆော်ဒီနိုင်ငံ၌  နေထိုင်ရသည်ကို မပျော်မရွှင် ဖြစ်နေ သကဲ့သို့ အသင်းပရိသတ်များနှင့် လည်း  အဆင်မပြေဖြစ်နေသည့် အတွက်  အသင်းမှ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဒူရန်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွေ့အကြုံရှိ သည့်ကစားသမား တစ်ဦးဖြစ်သည့်အတွက် ဝက်စ်ဟမ်း အသင်းအပါအဝင် ပရီးမီးယားလိဂ်မှ ကလပ်အသင်း ခြောက်သင်းက  အပြိုင်ခေါ်ယူရန်  ကြိုးပမ်းနေပြီး ဒူရန်ကိုယ်တိုင်ကလည်း  ပရီးမီးယားလိဂ်သို့  ပြန်လာဖွယ် ရှိနေကြောင်း သိရသည်။