အားကောင်းသော လေဖိအားနည်းရပ်ဝန်း နောက် ၂၄ နာရီအတွင်း တဖြည်းဖြည်း အားလျော့သွားမည်
နေပြည်တော် ဇွန် ၁၈
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက် တည်ရှိနေသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း သည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ ဂျက်ခမ်းပြည်နယ်ကို ဖြတ်ကျော် နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည် ဟု ခန့်မှန်းရသည်။
(မိုး/ဇလ)