အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်း ဆောင်ရွက်
အုတ်တွင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် အုတ်တွင်းအခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့မစျေးကြီးတို့၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသီရိကျော်က စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်းဖြင့် ညစ်ညမ်းမှု အန္တရာယ်ကို လျော့ကျစေနိုင်ပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်ရရှိစေရေးအတွက် အမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျခွဲခြား စွန့်ပစ်ခြင်းကို အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
