၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆင်ယင်ရှုမဝ သုံးရာသီအလှ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲကျင်းပ

 

၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆင်ယင်ရှုမဝ သုံးရာသီအလှ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲကျင်းပ

 

ရန်ကုန်   ဇွန်   ၂၆

     မြန်မာအမျိုးသမီးများနေ့   အထိမ်း အမှတ်   ဆင်ယင်ရှုမဝ   သုံးရာသီအလှ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲကို    ဇွန်လ ၂၆  ရက်တွင် ရန်ကုန်မြို့  မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC)ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး  အမျိုးသမီးရေးရာအဖွဲ့၊ မိခင် နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ  တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ ပညာရေးတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူများက  မင်္ဂလာပါ အကဖြင့်ဖျော်ဖြေပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူများက  နွေရာသီ အလှကိုဖော်ကျူးထားသော    ခွန်းဆက်ခြွေတဲ့နွေသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။    ထို့နောက်   တေးသံရှင် စိမ့်နေခြည်က နွေလေးတစ်နွေကျန်ခဲ့ပြီ တေးသီချင်းဖြင့်  သီဆိုဖျော်ဖြေပြီး တက္ကသိုလ်ကျောင်းသူများက   နွေရာသီ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှကို    ပြသကြ သည်။

ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှု နှင့်      အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား၊  ကျောင်းသူများက  Mix Song ဖြင့် သရုပ်ဖော်တင်ဆက်ကြသည်။ယင်းနောက်  တေးသံရှင် ချစ်စုစံက   မိုးဘာကြောင့်ရွာ  တေးသီချင်းဖြင့်  သီဆို ဖျော်ဖြေပြီး တက္ကသိုလ်ကျောင်းသူများက မိုးရာသီဝတ်စား ဆင်ယင်ထုံးဖွဲ့မှုအလှကို      ပြသကြသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူများက ဆောင်းရာသီ အလှသဘာဝကို ဖော်ကျူးထားသော ဆောင်းလရာသီ အကဖြင့်လည်းကောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)မှ ကျောင်းသူများက ဆောင်းရာသီ တေးသီချင်းများ လည်းကောင်း  သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

ဆက်လက်၍ တေးသံရှင်စိုးညီညီက တေးသီချင်းဖြင့် လည်းကောင်း၊ တက္ကသိုလ် ကျောင်းသူများက ဆောင်းရာသီဝတ်စားဆင်ယင် ထုံးဖွဲ့မှု အလှပြသခြင်းဖြင့်လည်း ကောင်း၊ မှုန်ရွှေရည် အကဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် တေးသံရှင်ထွန်းထွန်းက တေးသီချင်းများဖြင့်  သီဆိုဖျော်ဖြေပြီး တက္ကသိုလ်ကျောင်းသူများက   နွေ၊   မိုး၊  ဆောင်း  သုံးရာသီဝတ်စား ဆင်ယင်ထုံးဖွဲ့ မှုဖြင့် စုပေါင်းသရုပ်ပြသကြကာ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။