မင်းဘူး(စကု)မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပ

 

မင်းဘူး(စကု)မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပ

 

မင်းဘူး   ဇွန်   ၃၀

      မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ သော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ဇွန်လ ၃၀ ရက်တွင်  မင်းဘူးခရိုင်   မင်းဘူး(စကု)မြို့နယ် ‌ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်     လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊   တိုင်းဒေသကြီး၊   ခရိုင်နှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ကြသည်။

အခမ်းအနားကို‌  ရေပုတ်ကျေးရွာ  အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ  ကျောင်းသား၊ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ ‌တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။

ဆက်လက်၍  အခမ်းအနားတွင် မကွေးတိုင်း ဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ   စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟု သုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်များ ကျင်းပရခြင်းဖြစ်ကြောင်း၊လူငယ်များ  ဗလ ငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်  စာအုပ်စာပေကောင်းများကို လေ့လာဖတ်ရှု မှတ်သားကြရမည်ဖြစ်သည့်အတွက် စာအုပ်စာပေ ကောင်းများကို အမြဲလေ့လာဖတ်ရှုနိုင်ရေး ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက် မကွေးတိုင်းဒေသကြီး   စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှု  အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်    စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ထည့်သွင်းကျင်းပသော  အခြေခံပညာ အထက်တန်း နှင့်    အလယ်တန်းအဆင့်    စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့်    အဆိုပါပွဲတော်၌   အထူးအစီ အစဉ်တစ်ရပ်အဖြစ် ထည့်သွင်း ကျင်းပခဲ့သော အမြဲ မပြတ်လေ့လာသင်ယူရေး စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်၌   ထည့်သွင်းကျင်းပသော    ကာယစွမ်း ရည်ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်၊ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက် စသည့် ကစားနည်းပြိုင်ပွဲများကျင်းပနေမှု၊  မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်  လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ လူငယ်ရေးရာ အသိပညာပေး လှုပ်ရှား ဆောင်ရွက်မှုပြခန်း၊ စာအုပ်ပြခန်းများနှင့် သုတကမ္ဘာ ကျောင်းစာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။