ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံပညာကျောင်းများ၌ အခြေခံပညာရေးဆိုင်ရာ လုပ်ငန်းများ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဆွေးနွေးမှာကြား
တောင်ကြီး ဇွန် ၃၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် သယံဇာတ ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကျောင်းစာကြည့်တိုက်များအတွင်း အကျိုးပြု စာပေကောင်းများ သုတရသစာအုပ်ကောင်းများ ထားရှိရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုဆိုင်ရာ အစီအစဉ်များ ထိရောက်ကောင်းမွန်ရေးတို့ အတွက် သက်ဆိုင်ရာကျောင်း၊ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်ပညာရေးမှူးရုံးများက ဖြည့်ဆည်း ဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အ ခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတို့ကိုလှည့်လည်ကြည့်ရှုပြီး ပညာရေးဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စာသင်ကျောင်းများနှင့် အဆင့်ဆင့်စီမံခန့်ခွဲနေသော ပညာရေးမှူးရုံး များက အချိတ်အဆက်မိမိ ဆောင်ရွက်သွားကြရန်နှင့် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း တာဝန်ရှိသူများထံ တင်ပြဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
