အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေး ဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပ

 

အင်းစိန်ဂျီတီအိုင်၌  EV နည်းပညာ အသိပညာပေး ဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပ

 

နေပြည်တော်    ဇွန်    ၃၀

       EV နည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (၂/၂၀၂၅) ကို  ဇွန်လ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အစိုးရ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီးသည် EV နည်းပညာ စာအုပ်စာစောင်များကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့် EV သုံးစွဲသည့်ပြည်သူများထံ ပေးအပ်ပြီး EV အလုပ်ရုံ၌ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများအား  စိတ်ပါဝင်စားစွာ လေ့လာနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် အသိပညာပေးဆွေးနွေးပွဲ စတင်ကျင်းပပြီး    ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  EV နည်းပညာ အသိပညာပေး ဟောပြောမှုများကို ပြန်လည် မေးမြန်းဆွေးနွေး ကြသည်။  

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တစ်ဦးချင်း ဟောပြောမှု၊ အဖွဲ့လိုက် ဆွေးနွေးမှုများနှင့် ဆွေးနွေးမှုရလဒ်များ  ပြန်လည်သုံးသပ်မှုများကို ကြည့်ရှုအားပေးပြီး အသိပညာပေး ဟောပြောသည့်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များထံ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ   ပေးအပ်ခဲ့ကြောင်း သိရသည်။