နိုင်ငံတော်အစိုးရက ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့် အခြေအနေများ ဆွေးနွေး

 

နိုင်ငံတော်အစိုးရက ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့် အခြေအနေများ ဆွေးနွေး

 

ရန်ကုန်  ဇူလိုင်  ၂၀

     ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးဗဟန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍   ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသနိုင်မည့် အခြေအနေနှင့် ရိုက်ကူးထုတ်လုပ်ရန် လိုအပ်မှုအခြေအနေကို လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ်အား   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများနှင့် ရုပ်ရှင်ရုံပိုင်ရှင်များ ညှိနှိုင်းပေါင်းစပ်၍ အားလုံးအဆင်ပြေစေမည့် ရုံတင်ပြသမှုစနစ် ပေါ်ပေါက်လာအောင်ဆောင်ရွက်ရန် လိုအပ်နေမှု အခြေအနေကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရက  ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေသည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ရုပ်ရှင် ဖွံ့ဖြိုးရေးဆိုင်ရာ     ကဏ္ဍအသီးသီးကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်အတူ ရန်ကုန်တိုင်း‌ဒေသကြီး လှည်းကူးမြို့နယ် တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် “ရုပ်ရှင်မြို့တော် စီမံကိန်း”အတွက်စိတ်ဝင်စားမှု အဆိုပြုလွှာပေးအပ်ထားသည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ရုပ်ရှင်မြို့ တော် စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ရာတွင် အနုပညာကို အခြေခံသည့် လုပ်ငန်းများကိုသာ ဦးစားပေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။