နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌  မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

 

နေပြည်တော်   ဇူလိုင်  ၂၀

      သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင်  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊  တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင်    ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က ရတနာတန်းဝင် ကျွန်းပင်ကို   စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက ကျွန်းပင် ၈၅၀၊ မန်ဂျန်ရှားပင် ၁၅၀၊ စိန်ပန်းပင်   ၂၅၀ ၊ ဆိုက်ပရက်ပင် ၂၀၀ ၊ မဟော်ဂနီပင် ၅၀ စုစုပေါင်းပျိုးပင် ၁၅၀၀  ကို စိုက်ပျိုးရမည့် သတ်မှတ်နေရာများအလိုက် စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည်တက္ကသိုလ်ရှိ သင်တန်းသား၊ သင်တန်းသူများ စားသောက်ရေးအတွက် သင်တန်းရိက္ခာ ဆန်နှင့်ဆီ သိုလှောင်ထားရှိမှု၊သင်တန်းဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျထားရှိမှုတို့ကို လှည့်လည်ကြည့် ရှုစစ်ဆေးသည်။

ယင်းနောက်   တက္ကသိုလ်မှ သင်တန်းရိက္ခာအတွက် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုနှင့်  သင်တန်းအိပ်ဆောင်များ အလိုက် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုတို့ကို လိုက်လံကြည့်ရှုပြီး  လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။