မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပဲခူးတိုင်းဒေသကြီး မိသားစုပထမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
ပဲခူး ဇူလိုင် ၂၀
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(MJA) ပဲခူးတိုင်းဒေသကြီးမိသားစု၏ ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မဇင်း(၁)လမ်းထိပ် ရန်ကုန်-မန္တလေး လမ်းမကြီးဘေးရှိ ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာ အသင်းရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးမြို့ ဗုဒ္ဓဂုဏ်ရည်ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တသီလာနန္ဒ အရှင်သူမြတ်ထံမှ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဖြိုးကိုလင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဇော်၊ အတွင်းရေးမှူး ဦးတင်ထွန်းအောင်နှင့် မိသားစုဝင်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များမှ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပရိတ်တရားတော်များအားရွတ်ဖတ် သရဇ္ဈာယ်ချီးမြှင့် တော်မူကြသည်။ ထို့နောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဖြိုးကိုလင်းနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
