တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင်  ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ      တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ယင်းနောက်    ဇူလိုင်လ ၂၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ(၅)လမ်းရှိ ကမ်းနားဂိုဒေါင် (၁)လုံးအတွင်း၌  တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး စုစုပေါင်း     (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၁၄၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့နောက်    မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်    တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ    စစ်ကိုင်းမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၆၅၂၅၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၆၅၂၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေးအထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက   စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ     ထန်းတပင်မြို့နယ်၊ ပန်းတိုင်ကျေးရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် အခြားသစ် (၄ ဒသမ ၂၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၇၂၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Isuzu Light Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)၊   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၂၇၂၀၀)ကို    ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ်   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ရန်နိုင်(၁) ကျေးရွာ၊ ခြံဝင်းတစ်ခုအတွင်းရှိ ဂိုဒေါင်(၁)လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်း    အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၈၈၀၀၀၀) ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ရန်ရှင်းကျေးရွာ၊     ခြံဝင်းတစ်ခုအတွင်းရှိ ဂိုဒေါင် (၁)လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၃၉၀၀၀၀)ကိုလည်းကောင်း၊    တာချီလိတ်မြို့နယ်၊ ရန်ကင်းကျေးရွာ၊ ခြံဝင်းတစ်ခုအတွင်းရှိ ဂိုဒေါင်(၁)လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်  စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၉၀၀၀၀၀)ကိုလည်းကောင်း၊       တာချီလိတ်မြို့နယ်၊ ဝမ်ဆောက်ခုံ ကျေးရွာအနီးရှိ ဂိုဒေါင်(၁)လုံးအတွင်း၌      တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၈၆၀၀၀၀) ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ပါဝုန်းကျေးရွာအနီးရှိ ဂိုဒေါင်(၁)လုံးအတွင်း၌ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၃၉၀၀၀၀)ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်၊ လွယ်စတုံ(အထက်) ကျေးရွာအနီးရှိ ဂိုဒေါင်(၁)လုံးအတွင်း၌  တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၇၀၀၀၀)ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်၊ လွယ်စတုံ(အောက်)ကျေးရွာအနီးရှိ ဂိုဒေါင်(၁)လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်း    အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၁၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၀၆၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊      မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ   လိုင်စင်မဲ့မော်တော်ယာဉ် (၁၄)စီးနှင့်  လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၂၅)စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊    ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၂၁ ရက်နှင့်   ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၆၈၁၉၇၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုးပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊  အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်ပါသည်။   သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ     ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  

မြဝတီ