နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားအား  TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ်အဖွဲ့အစည်းအသီးသီးမှပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းသဘောထားများထုတ်ပြန်

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားအား  TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ်အဖွဲ့အစည်းအသီးသီးမှပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းသဘောထားများထုတ်ပြန်

နေပြည်တော်  ဩဂုတ်  ၂၅

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားသည်မြန်မာနိုင်ငံ၏အမြင့်ဆုံး နှင့်ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံးမီးရထားသံလမ်းတံတားဖြစ်ပြီး ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့်ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်း ပေါ်တွင်တည်ရှိသည်။ အဆိုပါဂုတ်ထိပ်တံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် လ ၂၄ ရက် နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ကျောက်မဲမြို့ဘက်ခြမ်း၊ တံတားတိုင် အမှတ်(P-16)နှင့်ကမ်းကပ်ခုံ(AB-2)နေရာတို့အကြားပေ၆၀အရှည်ရှိတံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ(AB-2)တို့ ပျက်စီးသွားခဲ့ရသည်။

မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားတစ်ခုဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းတွင်လည်း ပါဝင်ခဲ့သည့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားအား ထိန်းသိမ်း စောင့်ရှောက် ရမည့်အစား TNLA အကြမ်းဖက်သောင်းကျန်းသူများကစစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိဘဲဆင်ခြင်တုံတရားကင်းမဲ့စွာမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးက   လုံးဝ လက်ခံ နိုင်ခြင်းမရှိဘဲ  ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ထို့ပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာရှိအာဟ်မွတ်စ်လင်စ်ဘာသာရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တို့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်းသဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။