ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ Covid-19  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၈
    
Covid-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကျိုက်ဒုံမြို့၊ တိဿရာမဘုန်းတော်ကြီးကျောင်း၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းနှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိနဲ္နတောကျေးရွာ၊ ပိနဲ္နတောကျောင်းကြီး၊ ဘုန်းတော်ကြီးကျောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ အောင်မေတ္တာတောရ ကမ္မဋ္ဌာန်း ကျောင်းတိုက်နှင့် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ တိလောကာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ၊ ဓမ္မဝိနယစင်တာနှင့် ထေရဝါဒ မိုးကုတ်ဝိပဿနာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ သီရိမင်္ဂလာ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ ဓမ္မရက္ခိတာရုံသီလရှင်ကျောင်းတိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အထက်ရွှေချမ်းသာကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တောင်နန်ချွန်ကျေးရွာ အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်းနှင့် သိုင်းဝကျေးရွာအုပ်စု၊ ကမ္ဘားနီကျေးရွာဘုန်းတော်ကြီးကျောင်း၊ ပဲခူးမြို့၊ သတ္တမ ဂုဏ်ရည်သိလရှင်ကျောင်း၊ ရွှေကျင်မြို့နယ်၊ ကျုံချောင်းကျေးရွာ၊ ကျုံချောင်းမင်းလမ်း ဘုန်းတော်ကြီးကျောင်း၊ ရွှေတောင်မြို့၊ ကန်သုံးဆင့်ကျေးရွာ၊ သင်္ကန်းကြီးဘုန်းတော်ကြီးကျောင်း၊ ပန်းတောင်းမြို့၊ ဖောင်းကန်ရပ်ကွက်၊ အောင်မြေဘုံစံဘုန်းတော်ကြီးကျောင်းနှင့် ရွာသစ်ကုန်းကျေးရွာ၊ ပဏ္ဍိတာရာမဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    
ထို့အပြင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ လင်းခေးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ လှိုင်းဘွဲမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ပဲခူးမြို့၊ ရွှေကျင်မြို့နယ်၊ ရွှေတောင်မြို့၊ ပန်းတောင်းမြို့နှင့် မင်းလှမြို့တို့၌ တပ်မတော်မှဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို Covid-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။