မဲဆန္ဒရှင်တစ်ဦး ရှောင်ရန်အချက်များ

 

မဲဆန္ဒရှင်တစ်ဦး ရှောင်ရန်အချက်များ

 

(အီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း)

-        မဲရုံအတွင်းသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ အမျိုးသား မှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်မှအပ မသက်ဆိုင်သည့်ပစ္စည်းများ ယူဆောင်မလာရ၊

-        ဆန္ဒပြုစက်ပေါ်ရှိ မိမိမဲပေးလိုသော လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမည်နှင့်  သင်္ကေတအမှတ်အသား တည့်တည့်တွင်ရှိသော ဆန္ဒပြုခလုတ်ကို တစ်ကြိမ်သာနှိပ်၍ ဆန္ဒပြုရမည်၊ တစ်ကြိမ်ထက်ပို၍ မနှိပ်ရ။ ခလုတ်တစ်ခုထက်ပို၍ ခလုတ်နှစ်ခု၊ သုံးခု တစ်ပြိုင်တည်း မနှိပ်ရ၊

-        ဆန္ဒပြုခန်းအတွင်း၌ မဲပေးစက်၏  စက်အစိတ်အပိုင်းတစ်ခုခုကို  မဲပေးခြင်းနှင့် မသက်ဆိုင်သော ဆောင်ရွက်မှုတစ်ခုခု မပြုလုပ်ရ၊

-        ဆန္ဒပြုခန်းအတွင်း၌ မဲပေးစက်၏ စက်အစိတ်အပိုင်းတစ်ခုခုကို တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပြုခြင်း မပြုလုပ်ရ၊

-        ဆန္ဒပြုခန်းအတွင်း၌ အချိန်ကြာမြင့်စွာ ဆောင်ရွက်ခြင်း မပြုလုပ်ရ၊

-        ရွေးကောက်ပွဲတစ်ခုခုတွင် လွှတ်တော်မဲဆန္ဒနယ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များအတွက် ဆန္ဒမဲမပေးရ၊ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းမပြုရ၊

-        သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးခြင်းမပြုရ၊

-        ကိုယ်စားလှယ်စေလွှတ်၍ ဆန္ဒမဲမပေးရ၊

-        သူတစ်ပါးကိုယ်စားမဲမပေးရ။

“ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်မည်”

“လွတ်လပ်မျှတ၊ မဲ‌ပေးကြ”