မင်းလှမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားရှိမှုနှင့် လေ့ကျင့်မှုများ ဆောင်ရွက်
မင်းလှ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့အနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားရှိမှုနှင့် လေ့ကျင့်မှုများကို အောက်တိုဘာလ ၂ ရက်နံနက်ပိုင်းတွင် မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ကိုကို ဦးဆောင်သော တပ်ဖွဲ့ဝင်များက မင်းလှမြို့နယ် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်း ကိရိယာများဖြင့် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
