ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာ

 

ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာ

နေပြည်တော်   အောက်တိုဘာ   ၃

ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးနှင့်  ဇမ္ဗူသီရိမြို့နယ်သပြေကုန်း ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်   ကပ်ထားကြေညာထားရှိမှုနှင့် ဒေသခံပြည်သူများမှ     မဲစာရင်းများ လာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေရေး   ဆောင်ရွက်ပေးနေမှုတို့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်း လာရောက်ကြည့်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ပေးကြရန်၊  မဲစာရင်းလာရောက် ကြည့်ရှုသူများ အနှောင့်အယှက်ကင်းစွာ၊ စိတ်အေးချမ်းသာစွာ   ကြည့်ရှုနိုင်ရေး တာဝန်ရှိသူများက   စီမံဆောင်ရွက်ပေးကြရန်၊ မဲစာရင်းဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ပြီးပါက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများဆောင်ရွက်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင်    အနည်းဆုံးလူတစ်ဦး မဲစာရင်း လာရောက်ကြည့်ရှုနိုင်ရေး နှိုးဆော်ပေးကြရန်၊ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် လယ်ဝေးမြို့နယ် ဗောဒိကုန်းလမ်းဆုံအနီး ငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို လည်းကောင်း၊ ရန်အောင်မြင်ဆည်၌ ငလျင် ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင် နေမှုကိုလည်းကောင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း   ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို  မှာကြားကြောင်း သိရသည်။

အောင်သူရဦး (ဒက္ခိဏ)