သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၃

သာသနာ‌‌ရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက် ၈  နာရီခွဲတွင်   ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် ဓမ္မာရုံအနီး၌ကျင်းပသည်။

 အခမ်းအနားသို့     သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဦးတင်ဦးလွင်၊    ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူဦးရေထူထပ်များပြားလာမှု၊    စိုက်ပျိုးမြေများတိုးချဲ့လာမှုကြောင့် သစ်တော သစ်ပင်များ ပြုန်းတီးလာကြောင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုကြောင့် သဘာဝဘေးဒဏ်များဖြစ်သည့်   ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း စသည့် သဘာဝဘေးဒဏ်များ   ခံစားရနိုင်သည့်အတွက်   သဘာဝဘေးအန္တရာယ်များကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်စေရန် သစ်ပင်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍   စိုက်ပျိုးခြင်းဖြစ်ကြောင်းပြောကြားပြီး    ပြည်ထောင်စုဝန်ကြီး    ဦးဆောင်သောအဖွဲ့က မန်ကျည်းပင်များစိုက်ပျိုးကြပြီး ဝန်ထမ်းများက မန်ကျည်းပင်  ၂၅၀ နှင့်   တမာပင် ၅၀ စိုက်ပျိုးနေမှုကို    ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။                

    မြဝတီ