ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 နေပြည်တော်  အောက်တိုဘာ ၃                                                                           

ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ    ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက ကော်မတီအနေဖြင့် CMP လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု အတွက်   ထုတ်ကုန်များ အရေအတွက်သာမက အရည်အသွေးမြင့်မားရေး၊  အလုပ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသား လုပ်ငန်းရှင်များ၊ နိုင်ငံသားလုပ်ငန်းရှင်များ အကျိုးစီးပွား ဖြစ်ထွန်းရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့ရေး အဓိကတာဝန်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးတက်ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းမှုရရှိနေခြင်းသည်  အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း    CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ၊ CMP လုပ်ခနှင့်အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၊ CMP သွင်းကုန်၊    ပို့ကုန်ဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီတို့မှ    တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ   တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက်    ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်    တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးခဲ့မှုများအပေါ်    ကုန်ကြမ်းယူ၊   ကုန်ချောပေး လက်ခစားလုပ်ငန်းများ    ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍   နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

  မြဝတီ