သွေးအတွင်းအဆီများခြင်း မဖြစ်စေရေး ဂရုပြုနေထိုင်သင့်

 

သွေးအတွင်းအဆီများခြင်း မဖြစ်စေရေး ဂရုပြုနေထိုင်သင့်

 

      အဆီသည် ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးသည့် အာဟာရတစ်မျိုးဖြစ်သည်။   ခန္ဓာကိုယ်မှမထုတ်လုပ်နိုင်သော   မရှိမဖြစ်လိုအပ်သည့် အက်စစ်ဓာတ်များကို ဖန်တီးပေးသည်။ ဗီတာမင်-A ၊  ဗီတာမင်-D၊ဗီတာမင်-E၊ ဗီတာမင်-K စုပ်ယူမှုတွင် ကူညီပေးသည်။  အဆီသည်အစားအစာကိုပျော့ပျောင်းစေပြီး  ကောင်းမွန်သောအနံ့၊  အရသာနှင့် အသွင်အပြင်ကို ရရှိစေသည်။ အဆီတွင် ကိုလက်စထရောနှင့် Fatty- acid  အမျိုးအစားများစွာပါဝင်ပြီး  ခန္ဓာကိုယ်အတွက်  မတူညီသော အကျိုးကျေးဇူးများရှိသည်။ သို့သော် အဆီများလွန်းသောအစားအစာ များကို  စားသုံးပါက  Hyperlipidemia  ဖြစ်စေပြီး   နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ဖြစ်နိုင်သည်။

အဆီပိတ်ဆို့မှုကြောင့်  သွေးကြောပိတ်ခြင်းသည်   နှလုံးရောဂါနှင့် လေဖြတ်ခြင်းဖြစ်နိုင်သည်။  ပုံမှန်မဟုတ်သော အဆီပမာဏ၊  မသင့် လျော်သောစားသုံးမှုသည်  ခန္ဓာကိုယ်အလေးချိန်ကို စံနှုန်းထက်  ပိုမို မြင့်မားစေသည်။

ကြက်ကြော်၊ ငှက်ပျောသီးကြော်  စသည်တို့ကဲ့သို့ ဆီများသောအစား အစာများကို ရှောင်ကြဉ်သင့်သည်။  အုန်းနို့ဟင်း၊ အုန်းနို့ပါသောအချိုပွဲ များကို  ရှောင်ကြဉ်သင့်သည်။  အစားအစာများကို ဂရုစိုက်စားသောက် သင့်သည်။ ပဲပြုတ်၊ ခရမ်းချဉ်သီး၊ အသုပ်၊ အပြုတ်၊ အကင် စသည့်အစား အစာများ စားသင့်သည်။

 အဆီများလွန်းပါက  သွေးကြောနံရံများအတွင်း၌ ကပ်နေပြီး သွေးကြောများ ကျဉ်းသွားစေနိုင်သည်။  နှစ်စဉ်  ကျန်းမာရေး စစ်ဆေးသင့် သည်။

ကျန်းမာရေးကောင်းစေရန် အချို၊ အဆီ၊ ငန်သောအစားအစာများကို  လျှော့စားသင့်သည်။ ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများကို များများစားသင့်သည်။    

သွေးတွင်းအဆီများခြင်းကို သွေးဖောက်စစ်ကြည့်မှသာ သိနိုင်သည်။ သွေးဖောက်စစ်ရာ၌ ည ၁၀ နာရီနောက်ပိုင်း မစားထားသော အာဟာရ ပြတ်ကာလ  (Fasting)  တွင်  စစ်သင့်သည်။  တစ်ညတာအိပ်စက်ပြီး နံနက် ၆-၇ နာရီတွင် သွေးဖောက်စစ်လိုက်သည့်အခါ Fasting  Lipid Profile ဆိုသည့် ရလဒ်ထွက်သည်။

မကောင်းသောကိုလက်စထရော (LDL) များနေသည်ကို သွေးတွင်း အဆီများခြင်းရောဂါဟု  သတ်မှတ်သကဲ့သို့  ကောင်းသောကိုလက် စထရော(HDL) နည်းခြင်းကိုလည်း ရောဂါဟုသတ်မှတ်သည်။ စုစုပေါင်း ကိုလက်စထရော  (Total Cholesterol) တစ်ခုတည်းသာစစ်မည်ဆို ပါက HDL တက်ခြင်း၊ ကျခြင်း၊ LDL တက်ခြင်း၊  ကျခြင်းမသိနိုင်ပါ။ သွေးတွင်းအဆီကို ဖောက်စစ်ပြီး သတ်မှတ်ထားသည်ထက်နည်းခြင်း၊ များခြင်းရှိပါက သွေးတွင်းအဆီများသည့်ရောဂါဟုခေါ်သည်။

သွေးတွင်းအဆီမများစေရန် ဝက်ဆီ၊ အမဲဆီနှင့် စားအုန်းဆီ ရှောင်ရ မည်။  တခြားအဆီအအိမ့်များသော အစားအစာများ  ရှောင်သင့်သည်။ တစ်နည်းအားဖြင့် အခန်းအပူချိန်တွင် ခဲသွားသည့်အဆီကို မကောင်း သောအဆီအဖြစ် သတ်မှတ်သည်။ ချိစ်၊ ထောပတ်များ လျှော့စားသင့်သည်။

သွေးတွင်းအဆီများခြင်းသည်      အထိုင်များခြင်းနှင့် ဆက်စပ်နေသည်။ နေထိုင်မှုပုံစံများတွင် ချိုလွန်း၊ ငန်လွန်း၊ ဆိမ့်လွန်း၊ အဆီများလွန်း သောအစားအစာများကို စားသောက်ပြီးသည်နှင့်  နေ့စဉ်  နာရီဝက်မှ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ လမ်းလျှောက်၊ ရေကူးတစ်ခုခုပြုလုပ်သင့်သည်။  အားကစားပြုလုပ်ခြင်းသည်  နေ့စဉ်စားသောက်၍ ပိုလျှံသောကယ်လိုရီများကို အဆီအဖြစ်မစုဆောင်းစေဘဲ ချွေးအဖြစ် စွန့်ထုတ်စေသဖြင့်  အဆီစုခြင်း၊  အဝလွန်ခြင်း၊  ဆီးချိုသွေးချိုရောဂါ၊   သွေးတိုး၊  နှလုံးရောဂါတို့မှကင်းဝေးစေသည်။   ကိုယ်လက်လှုပ်ရှားမှုနည်းပါက  သွေးတွင်းအဆီပိုများစေသည်။  သွေးတွင်းအဆီများခြင်းကို ကျန်းမာစေသည့်နေထိုင်မှုပုံစံ (Healthy Lifestyle) ဖြင့် ကာကွယ် နိုင်သည်။ အစားအသောက်ဆင်ခြင်ခြင်းနှင့် နေ့စဉ် နာရီဝက်မှ တစ်နာရီ ကြာ အားကစားပြုလုပ်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

ခန္ဓာကိုယ်ကို အဝမလွန်စေရန် ဂရုစိုက်သင့်သည်။  အစားအသောက် ရှောင်ရုံတင်မက လေ့ကျင့်ခန်းမလုပ်ပါက နှလုံးသွေးကြောကျဉ်းနိုင်ခြေ များသည်။  အသက်ကြီးလာသည်နှင့်အမျှ  သွေးတွင်းအဆီဓာတ်များလာလေ့ရှိသည်။    အဆီများလာသည့်အတွက်  သက်ကြီးရွယ်အိုများ အဝမလွန်စေရန်နှင့် သွေးတွင်းအဆီမများစေရန် ထိန်းထားသင့်သည်။ စိတ်ဖိစီးမှုကိုလျှော့ချပြီး   သွက်လက်တက်ကြွသော လူနေမှုပုံစံဖြင့် နေထိုင်သင့်သည်။  ရေများများ သောက်သင့်သည်။  ညတွင် ၆-၈  နာရီ  ပြည့်ပြည့်ဝဝ အိပ်စက်သင့်သည်။

သွေးတွင်းအဆီများခြင်း မဖြစ်စေရန်၊  အဆီများလျော့ကျစေရန် ဆေးသောက်သင့်သည်။  အဆီကျဆေးနှင့်ပိန်ဆေးမတူညီပါ။  အဆီကျ ဆေးသောက်သည့်နေရာ၌လည်း ပထမကြိုတင်ကာကွယ်ခြင်း (Pri-mary Prevention)ဆိုသည့် မည်သည့်ရောဂါမျှ မရှိမီကတည်းက ဆေး ကိုကြိုသောက်သည့်နည်းအနေဖြင့် အဆီကျဆေးသောက်မည် ဆိုပါက ကျန်းမာရေးနှင့် မညီသောကြောင့် ဆရာဝန်များ ခွင့်မပြုတတ်ပါ။

သုတေသနများအရ စိုးရိမ်စရာမရှိဘဲ အဆီကျဆေးသောက်မည်ဆိုလျှင် ဆီးချိုရောဂါဖြစ်လာနိုင်သည်ဟုဆိုသည်။  ထို့ပြင်  အဆီကျဆေး ၏ဘေးထွက်ဆိုးကျိုးသည်  အသည်းကို တစ်ခါတစ်ရံ  ထိခိုက်စေနိုင် သည်။ ခြေသလုံးကြွက်သား နာခြင်းဖြစ်တတ်သည်။ ထို့ကြောင့် အဆီကျ ဆေးကို ပိန်ဆေးသဘောသောက်သုံးခြင်းအား ခွင့်မပြုခြင်းဖြစ်သည်။

အကယ်၍ ရောဂါမရှိဘဲ အဆီကျဆေး ညစဉ်သောက်သုံးပါက ခြေ သလုံးကြွက်သားနာခြင်း၊ အသည်းထိခိုက်စေခြင်း၊ ဆီးချို၊ သွေးချိုရောဂါ စသည်တို့ဖြစ်တတ်သည်။ အသည်းကိုထိခိုက်နိုင်သည် ဆိုသော်လည်း အမြဲမဟုတ်ချေ။ လူ ၁၀၀၀ လျှင် တစ်ယောက်မျှသာ ဘေးထွက်ဆိုးကျိုး ခံစားရခြင်းဖြစ်သည်။

သွေးတွင်းအဆီများခြင်းသည်  နှလုံးသွေးကြောကျဉ်း ရောဂါအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်။ သွေးတွင်းအဆီကျစေနိုင်သော ဆေးများသည်လည်း ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။

အချုပ်ဆိုရသော်  သွေးတွင်းအဆီကျဆေးကို  သွေးတွင်းကိုလက် စထရောများသူများသာ   သောက်သုံးရသည်။    သွေးတွင်းကိုလက်စထရောကို လျှော့ချပြီး  နှလုံးသွေးကြောကျဉ်းခြင်း မဖြစ်ရန်   လုပ်ဆောင်နိုင်သကဲ့သို့ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကြော ပိတ်ရောဂါများမဖြစ်ရန်   နေ့စဉ်နေထိုင်မှုပုံစံကို  ဂရုပြုရင်း   ရောဂါဖြစ်ခြင်းမှ    ကာကွယ်နိုင်ကြစေလိုကြောင်း    ရေးသားတင်ပြလိုက်ရပါသည်။         ။