ကိုဗစ်-၁၉ ရောဂါပိုးသည် သုတ်ပိုး၏ အရည်အသွေးကို ပျက်စီးစေနိုင်သည့်အတွက် ထိုရောဂါကူးစက်ခံရသော အမျိုးသားများ အနေဖြင့် မျိုးပွားနိုင်စွမ်း လျော့ကျနိုင်ကြောင်း လေ့လာချက်အရ သိရသည်။
ကမ္ဘာပေါ်၌ လူပေါင်းနှစ်သန်းကျော်၏ အသက်ကို နုတ်ယူသွားသည့် အဆိုပါ ရောဂါသည် သုတ်ပိုးကလာပ်စည်းများကို သေဆုံးစေခြင်း၊ ရောင်ရမ်းခြင်းနှင့် စိတ်ဖိစီးမှုတို့ကို ဖြစ်စေနိုင်ကြောင်း သုတေသီများက ျွနစမသိကခအငသည ဂျာနယ်၌ ရေးသားထားသည်။
သုတေသီများသည် ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသားများ၏ မျိုးပွားစနစ် ထိခိုက်ပျက်စီးနိုင်ခြေ ရှိ၊ မရှိကို လေ့လာခဲ့ ပြီးနောက် ယခုကဲ့သို့ထုတ်ပြန်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် အမျိုးသားများ၏မျိုးပွားနိုင်စွမ်းကို မည်မျှအထိလျှော့ချနိုင်သည်ကို သက်သေမပြနိုင်သေးကြောင်း ကျွမ်းကျင်
ပညာရှင်များကပြောသည်။
သုတေသီများသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အမျိုးသား ၈၄ ဦးနှင့် ကျန်းမာရေးကောင်းသူ အမျိုးသား ၁၀၅ ဦးတို့
ကို နှိုင်းယှဉ်လေ့လာပြီးနောက် ယခုတွေ့ရှိချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: TST