အမေရိကန်၌ အစိုးရအဖွဲ့အသစ် တာဝန်ထမ်းဆောင်နေစဉ် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးပုံမှန် ပြန်ဖြစ်စေရေး ကြိုးပမ်းရန် ပညာရှင်များက တောင်းဆိုလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေးသည် နှစ်နိုင်ငံသံတမန်ဆက်ဆံ ရေးထူထောင်ချိန်မှစ၍ ဆိုးဝါးသောအဆင့်တွင် ရှိနေကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးသည် အမေရိကန်နိုင်ငံရေးသမား အချို့၏ သဘောတရားဘက် လိုက်မှုများ၊ စစ်အေးခေတ်သဘောထား၊ တာဝန်မဲ့သောမူဝါဒများကြောင့် ပြီးခဲ့သည့် နှစ်များတွင် ဆိုးဝါးလာခြင်း ဖြစ်သည်။
ယခင် အမေရိကန်အစိုးရအဖွဲ့သည် တရုတ်နှင့် ပတ်သက်၍ ကျိုးကြောင်းညီညွတ်သော မဟာဗျူဟာချမှတ်ရန်ပျက်ကွက်
ခဲ့ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးတွင် ဖြစ်ပွားနေသော ပြဿနာများကို ဖြေရှင်းခဲ့ခြင်းမရှိကြောင်း အမေရိကန် ပြည်ပရေးရာ ကျွမ်းကျင်ပညာရှင်အချို့က ပြောသည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်အစိုးရအဖွဲ့၏ အကြီးမားဆုံး ပျက်ကွက်မှုက တရုတ်နှင့်အမေရိကန်ကြား ဆက်ဆံရေးပြဿနာများကို မဖြေရှင်းခြင်းဖြစ်ကြောင်း အာရှလူမှုမူဝါဒအဖွဲ့အစည်းမှ နိုင်ငံတကာလုံခြုံရေးနှင့် သံတမန်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒယ်နီရယ်ရတ်ဆဲ ကပြောသည်။
ဒေါက်တာဒယ်နီရယ်ရတ်ဆဲသည် သမ္မတဟောင်း အိုဘားမား လက်ထက်တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
Ref: TST