နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို ဖူးမြော်ကြည်ညို

နေပြည်တော်  ဖေဖော်ဝါရီ  ၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ယနေ့မွန်းလွဲ ၂ နာရီတွင် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ တည်ထားကိုးကွယ်မှုဆိုင်ရာ သမိုင်းကြောင်းများနှင့် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေများကို ဂေါပကအဖွဲ့က ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရဟန်းရှင်လူပြည်သူအများ ဖူးမြော်ကြည်ညိုခွင့်ရရှိနိုင်ရေး စေတီတော်ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်သွားရန် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့အား လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)