နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၉
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး၊ ပျဉ်းမနား-တောင်ညို ကားလမ်းပေါ်၌ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆန္ဒပြသူများအနက်မှ ၄၄ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ခဲ့မှုအား သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။
ထိုသို့ဖမ်းဆီးထားသူများ အနက်မှ လူစုလူဝေးနှင့် အဓိကရုဏ်း ဖြစ်ပေါ်စေရန် ဦးဆောင်ပြုလုပ်ခဲ့သူ ၆ ဦးကို တရားဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး ၃၈ ဦးကို ၎င်းတို့၏ မိသားစုများ အရေးကို ရှေးရှူကာ ယနေ့နေ့လယ်ပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။