ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ မြေပြင်လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ  ၁၉

ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် အတွင်းရေးမှူး ဦးညွန့်ဖေတို့သည်   ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူး ဦးချိုထွန်းအောင် လိုက်ပါလျက် ယနေ့နံနက် ၈ နာရီခွဲတွင် ရွှေပြည်သာမြို့နယ်   လှော်ကားလမ်းရှိ အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက် စစ်ဆေးသည်။

ဒုတိယမြို့တော်ဝန်နှင့်    အဖွဲ့ကို  စက်ရုံမှူး ဦးကျော်ဝင်းစိုးက Control Room အမှိုက်မှ လျှပ်စစ် ထုတ်လုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် စက်ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ယင်းနောက် လှိုင်သာယာမြို့နယ်ထိန်ပင်ရှိ အမှိုက်ပုံ မီးလောင်ခဲ့ပါက မီးငြှိမ်းသတ်ရန် ပေ ၈၈ဝ၊ ပေ ၉ဝဝ အကျယ်အဝန်းရှိ ရေစုကန်ကို လည်းကောင်း၊ အမှိုက်ပုံတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ နေထိုင်ရန် လိုင်းခန်း တည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊ Habitat Project အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန် မြို့တော်မှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန် ၂၅ဝဝ ကိုထားရှိနိုင်ရန် အမှိုက်ပုံစီမံကိန်းအား စနစ်တကျ ဆောင်ရွက် ထားရှိမှု အခြေအနေကိုလည်းကောင်း၊ နေ့စဉ်ထွက်ရှိသော ဆေးရုံဆေးခန်းသုံး ပစ္စည်းများ မီးရှို့ပြီး မီးခိုးများကို ရေငွေ့ဖြင့် သန့်စင်၍ ထုတ်လွှင့်နေပုံ လုပ်ငန်း အဆင့်ဆင့်ကို လည်းကောင်း    သွားရောက် ကြည့်ရှုခဲ့သည်။

ဆက်လက်၍ အလုံမြို့နယ် သစ်တောလမ်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မော်တော်ယာဉ် အလုပ်ရုံ ဝင်းသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ဝန်ထမ်းများ၏ တင်ပြ ချက်များ အပေါ် ပြန်လည် ဖြေရှင်းဆောင်ရွက်ပေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးကာ ရှေ့ဆက် လုပ်ဆောင် မည့် လုပ်ငန်းများနှင့် ပတ်သက်၍ မှာကြားခဲ့ကြောင်း သိရသည်။            

ဝန်းရံခ