မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာနှင့် ဆားမှော်ကျေးရွာ အကြား မြစ်ကြီးနား-မန္တလေးမီးရထားလမ်း ပျက်စီးမှုအား ပြန်လည်ပြုပြင်ကူညီဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၁
    
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာနှင့် ဆားမှော်ကျေးရွာအကြား မြစ်ကြီးနား-မန္တလေးမီးရထားလမ်း မိုင်တိုင်အမှတ် (၆၇၅/၁၄)နှင့် (၆၇၅/၁၅)အကြားရှိ တံတားအမှတ် ၆၅၅ ၏ ဆားမှော်ဘက်ခြမ်းကမ်းကပ် ခုံသည် ရေအောက်သို့ ၆ လက်မခန့်နိမ့်ကျပြီး သံလမ်း ၈ ပေခန့်တွန့်၍ ပျက်စီးခဲ့သည်။    

အဆိုပါရထားလမ်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မိုးကောင်းတပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ တံတားများပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။