နေပြည်တော်၊ သြဂုတ် - ၂၁
COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ သွေးလိုအပ်ချက် မရှိစေရေး ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်နှင့် သံဖြူဇရပ်တပ်နယ်မှ တပ်မတော်သား ၆၃ ဦးတို့က အဆိုပါဆေးရုံ၌ သွားရောက်သွေးလှူ ဒါန်းကြသည်။
ယင်းသို့သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။