နေပြည်တော်၊ သြဂုတ် - ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပင်လုံမြို့နှင့် မိုင်းပွန်မြို့တို့ရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက လွိုင်လင်မြို့၊ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက် တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။