စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၁
    
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ဝင်များ၏ စားသောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်ရင်းရှိ အောင်စစ်သည်ခန်းမ၌ ပြုလုပ်ရာ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ဝင်များအတွက် လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုး၊ ကြက်ဥနှင့် COVID-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို အပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြန်မာ့ရိုးရာလက်ဝှေ့ အဖွဲ့များကိုယ်စား အထက်မြန်မာပြည်ရိုးရာလက်ဝှေ့အဖွဲ့ အတွင်းရေးမှူး ဦးဒဿ က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
    
ထိုသို့လှူဒါန်းရာတွင် ရိက္ခာအမယ် ၄ မျိုးဖြစ်သည့် ဆန် ၃၀၀ ပြည်၊ ဆီ ၅၀ ပိဿာ၊ ဆား ၅၀ ပိဿာ၊ ပဲ ၂၅ ပိဿာ၊ ကြက်ဥ ၅၀၀ လုံးနှင့် Mask  ၁၅၀ ခုတို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။