နေပြည်တော် ဩဂုတ် ၂၁
တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ တပ်မတော်အရာရှိကြီးများ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဦးဆောင်နာယက ခွန်ဉက္ကာ၊ ဒုတိယဉက္ကဌ ခွန်မြင့်ထွန်း နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ(ကိုယ်စား) စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက နှာခေါင်းစည်း Mask ၂၀၀၀၀ ခု၊ N-95 Mask ၅၀၀ ခု၊ Face Sheild ၂၀၀ ခု၊ Sodium Hypochloride ၃ ပုံး၊ Hand Gel ၂၅၀ ဘူး၊ Hand Sanatizer ၂၅၀ ဘူး၊ Exmination Gloves ၁၀၀၀ ခု၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၉၇ ကျော်တန်ဖိုးရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ခွန်ဉက္ကာ နှင့်ဒုတိယဉက္ကဌ ခွန်မြင့်ထွန်းတို့မှ လက်ခံရယူကြပြီးနောက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ခွန်ဉက္ကာ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။