နေပြည်တော်၊ သြဂုတ် - ၂၂
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကြံတိုင်းအောင် ဘုန်းတော်ကြီး ကျောင်းတိုက်၊ ဓမ္မသုခ ကျောင်းတိုက်နှင့် ဓမ္မပါလ ကျောင်းတိုက်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရှမ်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာ၊ သီရိရတနာ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဆေကဝတီဗုဒ္ဓ တက္ကသိုလ်နှင့် ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ သီလရှင် စာသင်တိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အောင်မြေရတနာ ဘုန်းတော်ကြီး ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ညောင်ကိုင်း ကျေးရွာ၊ ညောင်ကိုင်း အောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်း၊ ကဝမြို့နယ်၊ အင်းဝကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ၊ စမ်းလေး ဘုန်းတော်ကြီးကျောင်းနှင့် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မဟာမြိုင်တောရ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ် ဌာနချုပ်နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေး ပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ နမ့်စန်မြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ သန်လျင်မြို့နယ်နှင့် ခရမ်းမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်၊ ကဝမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ပြည်မြို့၊ ကြို့ပင်ကောက်မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာ တော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Mask များ၊ ဆေး ပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။