နေပြည်တော်၊ သြဂုတ် - ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်း သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဖားဆောင်းမြို့၊ သံလွင်မြစ် အနီးရှိ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်း ရပ်ကွက်များရှိ နေအိမ်များသို့ ရေဝင်ရောက်မှု များ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်၊ နယ်မြေခံ တပ်မတော်သားများက ဖားဆောင်းမြို့နယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ၎င်းတို့၏ နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များနှင့် ရေဘေးလွတ်ရာများသို့ ကူညီပို့ဆောင်ပေးခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။