နေပြည်တော်၊ သြဂုတ် - ၂၂
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဘုန်းတော်ကြီးကျောင်းများ ပတ်ဝန်းကျင်သန့်ရှင်း သာယာမှု ရှိစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးတို့အတွက် ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့၊ အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပလောက်မြို့၊ မင်းကကြဲကျေးရွာအုပ်စုရှိ အောင်သုခကျောင်းတိုက်နှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ပလောက်တပ်နယ်မှ တပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ဆွာမြို့၊ မိဘမဲ့ကလေး စောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်နှင့် ဘုရင့်နောင်တပ်နယ်တို့မှ တပ်မတော်သား များကလည်းကောင်း အခြေခံပညာကျောင်းဝင်းများနှင့် ဘုန်းတော်ကြီး ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနုတ် မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာ ချထားပေးခြင်း၊ ခြင်းဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။