Quarantine Center တွင်ထားရှိသည့် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  မတ်  ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ  တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါသီးသန့်စောင့်ကြည့်ရမည့်သူများထားရှိသည့် Quarantine Center ၌ထားရှိပြီး လိုအပ်သည့်ဆေးဝါး ကုသပေးမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် နေရပ်ပြန် မြန်မာနိုင်ငံသားများအား တပ်မတော် သားပါရဂူများ၊ ဆရာဝန်များက အထွေထွေရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့ကောင်းမွန်စွာ နေထိုင်စားသောက်ရေးများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် Quarantine ထားရှိပြီးပါက  ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေး လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။