ယခုနှစ်အတွင်း ကုန်သွယ်ဖက်နိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူးများက မြန်မာ့ထုတ်ကုန်များကို ဈေးကွက်ချဲ့ထွင်မှုများ ပိုမိုဆောင်ရွက်မည်

ယခုနှစ်အတွင်း ကုန်သွယ်ဖက်နိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူးများက မြန်မာ့ ထုတ်ကုန်များကို ဈေးကွက်ချဲ့ထွင်မှုများ ပိုမိုဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရ သည်။

နိုင်ငံတကာ၌ စီးပွားရေးသံမှူးအများ အပြားခန့်အပ်ထားသောကြောင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်ရာတွင် အထောက်အကူဖြစ်လာမည် ဖြစ်ကြောင်း၊ စီးပွားရေး သံမှူးများမှတစ်ဆင့်   ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ခိုင်မာသည့်ဈေးကွက်များ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်တွင် စီးပွားရေး သံမှူးများရှိသော နိုင်ငံများမှာ အမေရိကန်၊ ဘယ်လ်ဂျီယံ၊  အိန္ဒိယ၊ တရုတ်၊  ဂျပန်၊  တောင်ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလမှစ၍ စီးပွားရေး သံမှူးများအား ကြီးကြပ်တာဝန်ကို စီးပွား ရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ က ဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားရေးသံမှူး များ တိုးချဲ့စေလွှတ်မည့်နိုင်ငံများမှာ ဂျာမနီ၊ ဘရာဇီး၊ တောင်အာဖရိက၊ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း၊ ထို့ပြင် ကုန်သွယ်မှုပမာဏ  တိုးတက်စေရေးအတွက် နိုင်ငံတော်ကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းရှိသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို ပိုမိုတိုးတက်စေရန်  အလေးထားဆောင် ရွက်နေကြောင်း သိရသည်။ 

ဇော်မျိုး(မြဝတီ)