မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရဲစခန်းအနီး အကြမ်းဖက်မှု ပြုလုပ်ရန် ချဉ်းကပ်လာသူအား သတိပေးပစ်ခတ်ရာမှ အမျိုးသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

နေပြည်တော်၊ မတ်လ ၂၀

   

၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပေါင်မြို့နယ်၊ ရဲစခန်းအနီးသို့ အမျိုးသား ()ဦး(စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ် စီးသည်  ဘယ်ရီဂိတ် အတားအဆီးများဖြင့် ကန့်သတ်နယ်မြေအဖြစ် ကန့်သတ်ထားသော ဧရိယာအတွင်း ကျော်လွန် ဝင်ရောက်လာပြီး ရဲစခန်းအုတ်တံတိုင်း အနီးသို့ ချဉ်းကပ်ဝင်ရောက်လာ၍ ရဲစခန်းအား မီးကွင်းပစ်၍ အကြမ်းဖက်မည်ဟု မသင်္ကာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါဆိုင်ကယ်မှာ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

   

မောင်းနှင်ထွက်ပြေးသွားသူ ဦးအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ရာ နာရီ ၁၅ မိနစ်ခန့်တွင် ပေါင်မြို့၊ ကဒုံစီးရပ်ကွက်ရွှေငါးစားသောက်ဆိုင်ရှေ့၌ ၎င်းတို့ ဦး၏ ဆိုင်ကယ်မှာ လဲကျနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်နေ ဇော်အောင် (၄၆)နှစ် () ဦးအုန်းဟန် သည် ဒဏ်ရာရရှိ သေဆုံးနေပြီး မျိုးထိုက် (၃၈)နှစ် () ဦးအောင်စိုးမှာ ထိခိုက်ဒဏ်ရရှိထားသည်ကို တွေ့ရှိရသဖြင့် ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

   

ဖြစ်စဉ်ပါ ဇော်အောင် သေဆုံးမှုအား ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိပြီး မျိုးထိုက်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။