နေပြည်တော်၊ ပျဉ်းမနားမြို့၌ လူစုလူဝေး ဖြစ်ပွာမှုအား လူစုခွဲ

နေပြည်တော်၊ မတ်လ ၂၀

 

၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက် နေ့လည် ၁၁ နာရီ ၃၅ မိနစ်ခန့်က ပျဉ်းမနားမြို့၊ တောင်သာရပ်ကွက်၊ ဘိုးဘွားရိပ်သာလမ်း၌ ဆူပူဆန္ဒပြသူလူစုလူဝေးအင်အား ၁၀၀ ဦးခန့်သည် အများပြည်သူသုံး လမ်းမကြီးအား အတားအဆီးများဖြင့် ပိတ်ဆို့ကာ ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက် ခဲ့ပါသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူဆန္ဒပြနေသော လူစုလူဝေးအား လူစုခွဲနိုင်ရေး ဥပဒေနှင့် အညီ ညှိနှိုင်းဖြေလျော့ ခဲ့သော်လည်း အဆိုပါလူစုလူဝေးမှ လိုက်နာမှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွများ၊ အုတ်ခဲများ၊ ဓာတ်ဆီပုလင်းများအား မီးရှို့၍ ပစ်ပေါက်ခြင်းတို့ဖြင့် အကြမ်းဖက်ရန်ပြု တိုက်ခိုက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ပစ်ခတ် လူစုခွဲခဲ့ရာ နေ့လည် ၁၂ နာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။

 

ဆူပူအကြမ်းဖက်သူ များ၏ အကြမ်းဖက်ရန်ပြု တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် စီး ထိခိုက်ပျက်စီးခဲ့ပြီး ဆူပူအကြမ်းဖက်သူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ် စီး၊ ဆိုင်ကယ် စီး၊ ဒိုင်း ၁၄ ခု၊ အနက်ရောင်အလံ ခု၊ အင်ဂျင်ဝိုင်ဆီပုံး ပုံး၊ အဝတ်စ တပ်ဆင်ထားသော ရေနံဆီပုလင်း ၃၅ လုံး၊ မီးသတ်ဆေးဘူး ဘူးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။

 

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။