ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ ရိုးသားအေးချမ်းစွာ နေထိုင်သည့် ပြည်သူတစ်ဦး၏ နေအိမ်အား ဆူပူအကြမ်းဖက်သူ လူတစ်စုက လာရောက်ဖျက်ဆီး

နေပြည်တော်၊ မတ် - ၂၀

   

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာ အရှေ့ပေါက်လမ်းရှိ ဒေါ်မြင့် ()ဦးလွင်ဦး၏ နေအိမ်အား မတ် ၁၉ ရက် နာရီ ၁၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက် သူအင်အား ၁၀၀ ဦးခန့်က ဖျက်ဆီးနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့စဉ် ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအား လေးခွ၊ ကျောက်ခဲ၊ ဓာတ်ဆီမီးပုလင်းများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် လုံးထုံးလုပ်နည်း များနှင့်အညီ လူစုခွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

   

ထိုသို့ဆောင်ရွက်ခဲ့စဉ် ဆူပူအကြမ်းဖက်သူများထဲမှ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာအရှေ့ပေါက်လမ်းနေ မောင်ထွေး()ဦးချစ်အား နောက်ကျောဂျိုင်းအောက်တွင်  ရာဘာကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား နယ်မြေခံဆေးတပ်ရင်းသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိသည်။

   

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက် လုပ်ထုံးလုပ်နည်း များနှင့်အညီ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက် သူများအသုံးပြုသည့် သံဒိုင်းကာ ခု၊ မီးပုလင်း ၁၂ ပုလင်း၊ သံမှိုတပ်ဆင်ထားသည့် ဆူးပါသံပြား ချက်၊ၿဴီအလံ ခုတို့နှင့်အတူ အခြားပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

   

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူအား တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဦးဆောင်သူများ၊ ပါဝင်ပတ်သက်သူများအား ထပ်မံဖမ်းဆီး ရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်သိ ပြည်သူများက အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။