နေပြည်တော်၊ မတ် - ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ကြိုးတံတား၌ မတ် ၂၆ ရက်ည ၉ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူများက အတားအဆီးများပြုလုပ်၍ တာယာကွင်းများ မီးရှို့လျက်ရှိကြောင်း သိရှိရသောကြာင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း မီးငြှိမ်းသတ်လျက်ရှိစဉ် အကြမ်းဖက်သူ ၂၀ ဦးခန့်က ဂျင်ကလိ၊ မီးပုလင်း၊ လေးခွတို့ဖြင့် အန္တရာယ်ပြု ပစ်ခတ်ခဲ့လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ပြန်လည်ပစ်ခတ်၍ လူစုအားဖြိုခွဲထိန်းသိမ်းခဲ့သည်။
အဆိုပါ အကြမ်းဖက်ပြုလုပ်ခဲ့သည့်နေရာ ပတ်ဝန်းကျင်အား အသေးစိတ်စစ်ဆေး ခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးလျက်ရှိသည့် အမျိုးသား ၂ ဦးအား တွေ့ရှိခဲ့ရပြီး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။